နင်ရှ သတ္တုတွင်း ရေကန်တွင် တည်ရှိသည့် ရေပေါ် ဆိုလာ လျှပ်စစ်ဓါတ်အားပေးစက်ရုံ

(GMT+08:00)2022-06-20 15:23:40  

တရုတ်နိုင်ငံ နင်ရှ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လင်ဝူမြို့ မာကြားထန်းရှိ သတ္တုတွင်း ရေကန်တစ်ကန်တွင် ဆိုလာပြားများကို တပ်ဆင်ထားပါသည်။ ယင်းသည် တရုတ်နိုင်ငံတော်စွမ်းအင်ကုမ္ပဏီအုပ်စု၊ နင်ရှ လျှပ်စစ်ဓါတ်အားကုမ္ပဏီ အောက်ရှိ နင်တုန်း လျှပ်စစ်ဓါတ်အားပေးစက်ရုံ၏ ရေပေါ် ဆိုလာ လျှပ်စစ်ဓါတ်အား စီမံကိန်း ဖြစ်ပါသည်။ ယခု ယင်းစီမံကိန်းတည်ဆောက်မှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယခုလအတွင်း ဝန်အားအပြည့် လည်ပတ် ထုတ်လုပ်နိုင်ရန် စီစဉ်ထားပါသည်။

ယင်းစီမံကိန်းသည် စုစုပေါင်း ရေကန်ဧရိယာ တရုတ်မို ၃၀၀ ရှိပြီး စီမံကိန်း၏ စုစုပေါင်း စက်တပ်ဆင်အား ၁၇.၉၄ မဂ္ဂါဝပ်ဖြစ်ကာ မြေယာကို ချွေတာစေသည့်အပြင် အစိမ်းရောင် ကာဗွန်နည်းသော စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆန်းသစ် တီထွင်သည့် လမ်းကြောင်းကို ဖန်တီးပေးနိုင်ပါသည်။