ဗီယင်နာမြို့တွင် လျှပ်စစ်မော်တော်ယာဉ်နေ့ လှုပ်ရှားမှုများ ပြုလုပ်

(GMT+08:00)2022-06-20 15:25:10  

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ယခုလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ လျှပ်စစ်မော်တော်ယာဉ်နေ့ လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ပြီး နောက်ဆုံးပေါ် လျှပ်စစ် မော်တော်ယာဉ်များနှင့် ဆက်စပ် အတပ်အဆင်ပစ္စည်းများကို ပြသခဲ့ကာ မြို့သူမြို့သား အများအပြားကို ဆွဲဆောင်လာပြီး ကြည့်ရှုဝယ်ယူခဲ့ကြကြောင်း၊ Audi၊ Volkswagen၊ Skoda နှင့် Toyota စသည့် နာမည်ကျော် ကားထုတ်လုပ်သူများသည် ယခုအကြိမ် ၅ ရက်ကြာ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြောင်း သိရပါသည်။