ရုရှားစစ်တပ်သည် ယူကရိန်းစစ်တပ်၏ ကွပ်ကဲရေးဌာနကို ခရုဇ်ဒုံးကျည်ဖြင့် တိုက်ခိုက်

(GMT+08:00)2022-06-20 15:21:41  

လွန်ခဲ့သည့်ရက်တွင် ရုရှားစစ်တပ်သည် ယူကရိန်းစစ်တပ်၏ ကွပ်ကဲရေးဌာနကို ခရုဇ်ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီး ဗိုလ်ချုပ် အပါအဝင် စစ်အရာရှိ ၅၀ကျော် သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၁၉ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာ အထူးသဖြင့် Severodonetsk တွင် အခြေအနေ ခက်ခဲသော်လည်း အခြေအနေကို ထိန်းထားနိုင်ဆဲဖြစ်ကြောင်း ယူကရိန်းဘက်က ပြောကြားသည်။