ကန် YellowStone ဥယျာဉ် ပြန်လည်တည်ဆောက်ခြင်းသည် နှစ်အတော် ကြာမြင့်မည်ဟု ခန့်မှန်းရ

(GMT+08:00)2022-06-20 15:27:08  

မကြာခင်က အမေရိကန် YellowStone ဥယျာဉ်တွင် ရေလွှမ်းမိုးမှုကြောင့် ဆိုးရွားစွာ ပျက်စီးခဲ့ရ ကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းသည် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ကုန်ကျနိုင်ဖွယ်ရာရှိကြောင်း သတင်းရရှိပါသည်။

YellowStone ဥယျာဉ်သည် ဝိုင်အိုမင်၊ မွန်တာနာ၊ အိုင်တာဟို ပြည်နယ် ၃ ခုကို လွှမ်းခြုံထားပြီး စတုရန်းကီလိုမီတာ ၉၀၀၀ ခန့် ကျယ်ဝန်း၍ အမေရိကန်နိုင်ငံရှိ ပထမဆုံးသော နိုင်ငံတော်အဆင့် ဥယျာဉ်တစ်ခု ဖြစ်သလို အမေရိကန်တွင် အကျော်ကြားဆုံး ပြင်ပ ခရီးသွားနေရာများထဲမှ တစ်ခု ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း ခရီးသွား ၄ သန်းခန့် လာရောက်လည်ပတ်လျက်ရှိသည်။