စီချွမ်းပြည်နယ် ယန်ယွမ်ခရိုင်၌ ရှန်မင်းဆက်ခေတ်မှ အနောက် ဟန့်မင်းဆက် ခေတ်အထိ သင်္ချိုင်းဂူ တစ်ထောင်ကျော် တွေ့ရှိ

(GMT+08:00)2022-06-20 15:30:20  

၂၀၂၂ ခုနှစ် ဇွန်လ ဒုတိယ ဆယ်ရက်ပိုင်းအထိ ရှေးဟောင်း သုတေသန ပညာရှင်များသည် စီချွမ်းပြည်နယ် ယန်ယွမ်ခရိုင် လော်လုံထို ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းများ တူးဖော်ရာနေရာ၌ ရှန်မင်းဆက်ခေတ်နှောင်းကာလမှ အနောက် ဟန့်မင်းဆက်ခေတ် အစဦးပိုင်းကာလအထိ သင်္ချိုင်းဂူ (၁၁၀၀)ကျော်ကို ရှင်းလင်းခဲ့ပြီး ရှေးဟောင်းပစ္စည်း (၅၀၀၀)ကျော်ကို တူးဖော်တွေ့ရှိကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယခုအကြိမ် ရှေးဟောင်းပစ္စည်းတူးဖော်မှုသည် စီချွမ်းအနောက်တောင်ပိုင်း ဒေသတွင်မကဘဲ ယူနန်အနောက်ပိုင်းဒေသ၌ ကြေးညိုယဉ်ကျေးမှုဖွံ့ဖြိုးရေး၏ ယဉ်ကျေးမှု ဘိုးစဉ်ဘောင်ဆက်စာရင်း သုတေသနပြုရေးအတွက် စံနမူနာ တင်ပြပြီး အနောက်တောင်ပိုင်းဒေသ၌ တိုင်းရင်းသားလူမျိုးစုများ အကြားရှိ အချင်းချင်း ကူးလူးဖလှယ်ရေး သမိုင်းကို သက်သေပြထားကြောင်း သတင်းရရှိပါသည်။