ဟန်ကျိုးတွင် စုန့်မင်းဆက်ခေတ်ရသ လက်ထပ်ပွဲ ကျင်းပ

(GMT+08:00)2022-06-20 15:31:07  

    ယခုလ ၁၈ရက်နေ့က တရုတ် ဟန့်လူမျိုး ရိုးရာ အဝတ်အစား ဝါသနာရှင်များ စည်းရုံးသော တရုတ် စုန့်မင်းဆက်ခေတ်ရသ လက်ထပ်ပွဲကို ဟန်ကျိုးမြို့ရှိ တရုတ် ပိုးထည်မြို့တော် ထူးခြားချက်ပါ ရပ်ကွက်တွင် ကျင်းပခဲ့သည်။ ဟန်ကျိုးမြို့ရှိ တရုတ် ပိုးထည်မြို့တော် ထူးခြားချက်ပါ ရပ်ကွက်သည် ၂၀၂၀ပြည့်နှစ်တွင် ပထမအသုတ် ကျဲ့ကျန်းပြည်နယ် အရည်အသွေးမြင့် pedestrian street အမည်စာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။ စုန့်မင်းဆက်ခေတ်ရသ ယဉ်ကျေးမှု ဆိုင်ရာ အမှတ်တံဆိပ်ကို ပျိုးထောင်ရန် အတွက် ဟန်ကျိုးမြို့ရှိ တရုတ် ပိုးထည်မြို့တော်သည် စီတန်းလှည့်လည်ပွဲနှင့် ဟန့်လူမျိုး ရိုးရာ အဝတ်အစား ဈေးတန်း စသည့် လှုပ်ရှားမှုများကို ကျင်းပမည် ဖြစ်သည်။