အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း ၂၅နှစ်မြောက်၊ ဟောင်ကောင်၏ ပွဲတော်အငွေ့အသက်များ တစ်နေ့ထက်တစ်နေ့အားကောင်းလာ

(GMT+08:00)2022-06-20 15:22:47  

ဟောင်ကောင်က အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း ၂၅နှစ်မြောက် နီးကပ်လာပါပြီ။ ၂၅နှစ်ကြာ ကြိုးပမ်းအားထုတ်ပြီးနောက် ခရီးစဉ်သစ် စတင်ပါမည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဟောင်ကောင် အလွှာပေါင်းစုံတို့က ပုံစံအမျိုးမျိုးဖြင့် အခမ်းအနားများကို ကျင်းပခဲ့ကြပြီး နိုင်ငံတော်အလံ၊ အထူးအုပ်ချုပ်ရေးဒေသအလံနှင့် ဆောင်ပုဒ်များကို လမ်းများပေါ်တွင် ချိတ်ဆွဲထားကာ ပွဲတော်အငွေ့အသက်များသည် တစ်နေ့ထက်တစ်နေ့ အားကောင်းလာပါသည်။