အာရှတိုက်ရဲ့ အကြီးဆုံး မီးရထားလမ်းဆုံ ဘူတာရုံ

(GMT+08:00)2022-06-20 15:28:49  

ဇွန်လ ၂၀ ရက်နေ့က ၄ နှစ်လောက် ပြုပြင်မွမ်းမံပြီးနောက် ပီကင်း ဖုန်ထိုင် မီးရထားဘူတာရုံဟာ အသွင်အပြင်သစ်နဲ့ စတင်လည်ပတ်ခဲ့ပါတယ်။ ပီကင်းမြို့ရဲ့ ပထမဆုံး မီးရထားဘူတာရုံကနေ ဒီနေ့ အာရှတိုက်ရဲ့ အကြီးဆုံး မီးရထားလမ်းဆုံ ဘူတာရုံအထိ ပီကင်း ဖုန်ထိုင် မီးရထားဘူတာရုံဟာ တရုတ်မီးရထားလုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရပါတယ်။ အခု ပီကင်းမြို့မှာ အကြီးစား မီးရထားလမ်းဆုံ ဘူတာရုံ ၇ ခု ရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ခုရှိတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ်ကို ဝင်ရောက်လိုက်ပြီ ဖြစ်ပါတယ်။