ကန့်ကွက်ရေးလှုပ်ရှားမှု၏စတုတ္ထရက်တွင် အိန္ဒိယ၌ မီးရထား အစီးပေါင်း(၃၅၀)ကျော် ရပ်နားပြီး ပြည်နယ်များစွာရှိ မော်တော်ကားနှင့်ရထားများ ဖျက်ဆီးမှုနှင့်မီးရှို့မှုခံခဲ့

(GMT+08:00)2022-06-19 15:41:42  

စစ်သားသစ် ခေါ်ယူမှုစီမံကိန်းကိုရည်စူးသော ကန့်ကွက်ရေးလှုပ်ရှားမှုသည် စတုတ္ထရက် ရောက်ရှိပြီး ဆန္ဒပြပွဲများသည် အိန္ဒိယနိုင်ငံ ပြည်နယ်များစွာသို့ ပျံ့နှံ့သွားခဲ့ကြောင်း၊ Uttar Pradeshပြည်နယ်၊ Biharပြည်နယ်၊ Haryanaပြည်နယ် နှင့် West Bengal အပါအဝင် ဒေသများစွာမှ မော်တော်ကားနှင့်ရထားများ ဖျက်ဆီးမှုနှင့် မီးရှို့မှုခံခဲ့ကြောင်း၊ အိန္ဒိယ တစ်ပြည်လုံး၌ ရထားအစီးပေါင်း(၃၅၀)ကျော်သည် ရပ်နားကြောင်း၊ ဒေသစံတော်ချိန် ၁၈ရက်နေ့က “ယနေ့ အိန္ဒိယ”ထုတ်သတင်းအရ သိရပါသည်။