ကန် ဖီလာဒဲလ်ဖီးယားမြို့ ဖီလ်ဟီလ်တွင် မီးလောင်မှုဖြစ်ပွား

(GMT+08:00)2022-06-19 15:42:40  

    ဒေသစံတော်ချိန် ယမန်နေ့ ၁၈ ရက်နေ့ လင်းအားကြီးအချိန်တွင် အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့ ဖီလ်ဟီလ်ရှိ စီးပွားရေး အဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ မီးလောင်မှုကြောင့် အဆောက်အအုံ ပြိုကျသွားပြီး မီးသတ်သမား ၁ ဦး သေဆုံးခဲ့ပါသည်။