တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းအဝေးကို ရှီကျင့်ဖိန် ကြီးမှူးကျင်းပ

(GMT+08:00)2022-06-19 15:38:26  

 ယခုလ ၁၇ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည်  အစည်းအဝေးကို ကျင်းပရာတွင် “ငွေကြေး လုပ်ငန်းဌာနများ၏ ပြန်လည်ပြုပြင်ရေး ဆိုင်ရာ တိုးတက်မှု အကြောင်းကို ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ၏ အဋ္ဌမအကြိမ် လှည့်လည်၍ စစ်ဆေးကြည့်ရှုခြင်းနှင့် ပတ်သက်သော အစီရင်ခံစာ”ကို စိစစ်ခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီှးှမှူးကျင်းပခဲ့သည်။

    ရဲဘော် ရှီကျင့်ဖိန်ကို အမြုတေထားသော တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီသည် လှည့်လည်၍ စစ်ဆေးကြည့်ရှုခြင်း လုပ်ငန်းကို လွန်စွာ အလေးထားပြီး ၄င်းလုပ်ငန်းကို ပါတီအား ဘက်စုံ တင်းတင်းကျပ်ကျပ် စီမံအုပ်ချုပ်ခြင်း တွန်းအားပေးရေး အတွက် မဟာဗျူဟာမြောက် စနစ်ဆိုင်ရာ စီစဉ်ထားမှု အဖြစ် ထားရှိကြောင်း၊ လှည့်လည်၍ စစ်ဆေးကြည့်ရှုခြင်း လုပ်ငန်းသည် နိုင်ငံရေး ကြီးကြပ်မှုကို အားကောင်းစေပြီး ပြုပြင်ပြောင်းလဲမှု တွန်းအားပေးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ခြင်းကို စွဲကိုင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း ၄င်းအစည်းအဝေးတွင် ဖော်ပြသည်။