ကန်ပြည်သူ သန်း(၂၄၀)ကျော်သည် အပူချိန် ၃၂ ဒီဂရီစင်ဒီဂရိတ်ထက် ပိုပူသည့် ရာသီဥတုနှင့် ရင်ဆိုင်လိမ့်မည်၊ ပြည်နယ် ၁၂ခုမှ မိသားစု ၃သိန်း ၂သောင်းတို့သည် မီးပြတ်မှုနှင့် ရင်ဆိုင်နေသည်

(GMT+08:00)2022-06-19 15:40:55  

အမေရိကန်၌ အသစ်တစ်ကြိမ် အပူလှိုင်းနှင့် ရင်ဆိုင်နေကြောင်း၊ လာမည့် ၇ရက်တွင် အမေရိကန်ပြည်သူ သန်း(၂၄၀)ကျော်သည် အပူချိန် ၃၂ဒီဂရီစင်ဒီဂရိတ် သို့မဟုတ်လျှင် ပိုပူသောရာသီဥတုနှင့် ရင်ဆိုင်လိမ့်မည်ဖြစ်ကြောင်း၊ အချို့ပြည်နယ်များ၌ အပူချိန် ၃၈ဒီဂရီစင်ဒီဂရိတ်အထိ ရှိလိမ့်မည်ဖြစ်ကြောင်း အမေရိကန် CNNမှ ၁၈ရက်နေ့ထုတ် သတင်းအရ သိရပါသည်။

အမေရိကန် ရေကန်ကြီး၅ခုစသောဒေသများ၌ လေမုန်တိုင်းနှင့် ရင်ဆိုင်ခဲ့ကြောင်း၊ ဒေသစံတော်ချိန် ၁၈ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် ပြည်နယ် ၁၂ခုမှ မိသားစု ၃သိန်း ၂သောင်း ထက်မနည်းသည် မီးပြတ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုအထိ မီး ပြန်မလာသေးကြောင်း သတင်းရရှိပါသည်။