တရုတ်နိုင်ငံအဆိုပြုသည့် အရည်အသွေးမြင့်မားစွာဖွံ့ဖြိုးတိုးတက်ခြင်းသည် တစ်ကမ္ဘာလုံး ဘုံရည်မှန်းချက်ဖြစ်သည်ဟု ထိုင်းနိုင်ငံတကာရေးရာများပညာရှင်ဆို

(GMT+08:00)2022-06-19 15:39:32  

၂၅ကြိမ်မြောက်စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်ကို ဇွန်လ ၁၅ရက်နေ့မှ ၁၈ရက်နေ့အထိ ရုရှား စိန့်ပီတာစဘတ်၌ကျင်းပရာတွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန် သည် ဗီဒီယိုအသွင်ပုံစံဖြင့် ဖိုရမ်မျက်နှာစုံညီအစည်းအဝည်းသို့တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတကာရေးရာပညာရှင်၊ ဂျူလာလွန်ခွန်တက္ကသိုလ်နိုင်ငံတကာ စီးပွားရေး သုတေသနဌာနစင်တာ ဌာနမှူးပီဒီက ဥက္ကဋ္ဌရှီကျင့်ဖိန်မှ အဆိုပြုချက်သည် တစ်ကမ္ဘာလုံးနိုင်ငံများက အတူတကွလိုက်စားသော ရည်မှန်းချက်လည်းဖြစ်ကြောင်း၊ တစ်ဘက်သတ်ပိတ်ဆို့မှုဆန့်ကျင်ခြင်းနှင့် ကုန်သွယ်ရေး အဟန့်အတားများ ဖယ်ဖျက်ခြင်း ဆိုင်ရာ အကြောင်းအရာများသည် မိမိစိတ်ထဲတွင် စွဲကျန်ရစ်စေခဲ့ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။