ယင်း “တရုတ်နည်းလမ်း”သည် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရန် တွန်းအားပေးမည်

(GMT+08:00)2022-06-19 15:39:01  

    ယခုလ ၁၇ရက်နေ့က ၂၅ကြိမ်မြောက် စိန်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေး ဖိုရမ် မျက်နှာစုံညီ အစည်းအဝေးတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဗီဒီယို အသွင် ပုံစံဖြင့် အမှာစကား ပြောကြားရာ၌ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရန် တွန်းအားပေးပြီး ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေးရှိသော ကောင်းမွန်သည့် အနာဂတ်ကို အတူ ဖန်တီးမျှဝေကြရန် ဆောင်ရွက်သင့်ကြောင်း ဖော်ပြသည့် အပြင်၊ ယင်းနှင့် ပတ်သက်၍ အကျိုးရှိသော ဖွံ့ဖြိုးရေး ပတ်ဝန်းကျင် ဖန်တီးရန်၊ ဖွံ့ဖြိုးရေး မိတ်ဖက် ဆက်ဆံမှုကို တိုးမြှင့်ရန်၊ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကို တွန်းအားပေးရန်နှင့် ဆန်းသစ်တီထွင်မှုဖြင့် တွန်းအားပေးခြင်းကို စွဲကိုင်ရန် ဟူသော ဆောင်ရွက်မှု အကြံပြုချက် ၄ချက်ကိုလည်း တင်ပြခဲ့သည်။ ယင်းသည် ပိုမိုတရားမျှတသော၊ ပိုမိုဆက်တိုက်ဆောင်ရွက်နိုင်သောနှင့် ပိုမိုလုံခြုံသော ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးတည်ချက်ကို ညွှန်ပြပေးခြင်း ဖြစ်သည်။

အီဂျစ် Al-Ahram သတင်းစာ ဒုအယ်ဒီတာချုပ် Tarek Elsonotyက ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အဆိုပြုချက်သည် လက်ရှိတွင် မိမိတို့ ရင်ဆိုင်နေရသော တစ်ကမ္ဘာလုံး ဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေး နည်းလမ်း ဖြစ်ကြောင်း ပြောကြားသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၀၂၁ခုနှစ် စက်တင်ဘာလက ၇၆ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ယေဘုယျ အချေအတင် ဆွေးနွေးပွဲတွင် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်ကို တင်ပြခြင်း ဖြစ်သည်။ ယင်းအဆိုပြုချက်သည် ကပ်ရောဂါ အပြီး နာလန်ပြန်ထူရေး ဖြစ်စဉ် အရှိန်မြင့်စေရန် နိုင်ငံ အသီးသီးမှ မျှော်လင့်ချက်နှင့် ကိုက်ညီသည့် အတွက်ကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံ ၁၀၀ကျော်မှ တက်ကြွသော တုံ့ပြန်မှုနှင့် အားပေးထောက်ခံမှုများကို ရရှိခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ် အတွင်း ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် လက်တွေ့ အကောင်အထည် ဖော်ဆောင်ရေးကို တွန်းအားပေးရန် အတွက် တရုတ်ပြည်သည် နိုင်ငံ အသီးသီးနှင့် အဓိက ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များ၊ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များနှင့် ပူးပေါင်းဆောင်ရွက်ရေး စနစ်စသည်များတွင် ချိတ်ဆက်မှုများကို ပြုလုပ်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေပြီး တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကမ္ဘာ့ အတွက် အခွင့်ကောင်းများကို ဖန်တီးပေးနေသည်။

၎င်းအဆိုပြုချက်ကို အဆက်မပြတ် နက်ရှိုင်းစွာ လက်တွေ့ အကောင်အထည်ဖော်ဆောင်သည်နှင့် အမျှ သက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အောင်ကျိုးရလဒ်များကို နိုင်ငံ အသီးသီးများအား ပိုမိုကောင်းမွန်စွာနှင့် ပိုမိုတရားမျှတစွာ ရရှိခံစားစေနိုင်မည် ဖြစ်သည်။