ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများကြောင့် အခြားနိုင်ငံများအား သက်ရောက်မှုကို အီယူ မစဉ်းစားသည်ဟု ရုရှားဆို

(GMT+08:00)2022-06-19 15:40:02  

    မကြာခင်က အီယူထုတ်ပြန်ခဲ့သော ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများသည် ကမ္ဘာလုံး ဆိုင်ရာ စားနပ်ရိက္ခဖူလုံမှုကို ထိခိုက်မည်မဟုတ်ကြောင်း ဆိုသည့် ကြေညာချက် သည် အဓိပ္ပါယ်မရှိကြောင်း၊ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများကြောင့် အီယူအပါအဝင် အခြားနိုင်ငံများအပေါ် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို အီယူက မစဉ်းစားဘဲ စားနပ်ရိက္ခအကျပ်အတည်းကြောင့် ထိခိုက်မှု ခံနေရသော နိုင်ငံများ၏ အကျိုးစီးပွားကို နှုတ်ဖြင့်သာ အလေးထားဖော်ပြခဲ့ကြောင်း၊ လက်ရှိတွင် ဖွံ့ဖြိုးဆဲနိုင်ငံများက ရုရှားမှ စားနပ်ရိက္ခာနှင့် ဓာတ်မြေသြဇာများကို ပုံမှန်အတိုင်း မတင်သွင်းနိုင်ခြင်းသည် အီယူနှင့် မသက်ဆိုင်ကြောင်း အီယူက ဖော်ပြသော်လည်း ယင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းကို အထင်မှားမှု ဖြစ်စေခြင်းပင်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဇာဟာရိုဗါက ယမန်နေ့ ၁၈ ရက်နေ့က ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။