ရှီကျင့်ဖိန်သည် ၂၅ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

(GMT+08:00)2022-06-18 14:55:18  

    ယခုလ ၁၇ ရက်နေ့ညက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ၂၅ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီ အစည်းအဝေးသို့ ဗီဒီယိုအသွင်ပုံစံဖြင့် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ ရုရှားနိုင်ငံ သမ္မတ ပူတင်၊ အီဂျစ်နိုင်ငံသမ္မတ Sisi နှင့် ကာဇက်စတန်နိုင်ငံသမ္မတ Tokaev တို့သည် အစည်းအဝေး သို့တက်ရောက်ခဲ့ကြသည်။ ရှီကျင့်ဖိန်က လက်ရှိအချိန်တွင် နှစ်တစ်ရာအတွင်း မကြုံစဖူး ကြီးမားသော ကမ္ဘာ့ အခြေအနေပြောင်းလဲမှုနှင့် ရာစုနှစ်အတွင်း မကြုံစဖူး ဆိုးရွားသော ကပ်ရောဂါ အခြေအနေကို ကြုံတွေ့ပြီး စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းကို ဖီလာဆန့်ကျင်ပြီး လုပ်ခြင်းနှင့်လည်း ကြုံတွေ့ရပြီး၊ ကုလသမဂ္ဂ ၂၀၃၀ ဆက်တိုက် ဖွံ့ဖြိုးရေး အစီအစဉ် အကောင်အထည်ဖော်ရန် မကြုံစဖူးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။