တရုတ်ပြည်သည် "ကပ်ရောဂါခုခံတိုက်ဖျက်ရေး၊ စီးပွားရေးတည်ငြိမ်မှု ထိန်းသိမ်းရေးနှင့် လုံခြုံစွာဖွံ့ဖြိုးရေး" ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရန် ယုံကြည်စိတ် အပြည့်အဝရှိ

(GMT+08:00)2022-06-18 14:56:02  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်ပြည် အနေနှင့် "ကပ်ရောဂါခုခံတိုက်ဖျက်ရေး၊ စီးပွားရေးတည်ငြိမ်မှု ထိန်းသိမ်းရေးနှင့် လုံခြုံစွာ ဖွံ့ဖြိုးရေး" ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရန် ယုံကြည်စိတ် အပြည့်အဝ ရှိကြောင်း ယခုလ ၁၇ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

ဆက်လက်၍ ဝမ်ဝင်ပင်က တရုတ်အစိုးရမှ" dynamic zero "မူဝါဒ ချတ်မှတ်ခြင်း နှင့် ကျင့်သုံးခြင်း၏ မူတည်ချက်မှာ  ၁.၄ဘီလီယံရှိ တရုတ်ပြည်သူများ၏ အသက်လုံခြုံမှုနှင့် ကျန်းမာရေးကို ထိပ်တန်းနေရာတွင်ထားရှိခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။