ထိုင်ဝမ်သည် ကန်အများပြည်သူနှင့်သက်ဆိုင်သောဆက်ဆံရေးPRကုမ္ပဏီကို ခန့်အပ်ပြီး ထိုင်ဝမ်-ကန်ဆက်ဆံရေးကို ခိုင်မာစေခြင်းနှင့်ပတ်သက်၍ ယင်းသည် ထိုင်ဝမ်အာဏာပိုင်မှ ကန်ကို “ရိုသေလေးမြတ်စွာ ပစ္စည်းဆက်သမှု”များ၏ တစ်စွန်းတစ်စမျှပင် ဖြစ်သည်ဟု တရုတ်ဆို

(GMT+08:00)2022-06-18 14:56:39  

ထိုင်ဝမ် နိုင်ငံခြားနှင့် ဆက်ဆံရေးဌာနမှ ကြေညာချက်ကို ထုတ်ပြန်ပြီး ထိုင်ဝမ်သည် ထိုင်ဝမ်-အမေရိကန်ဆက်ဆံရေးကို ခိုင်မာစေအောင် ထောက်ကူရန် အမေရိကန် အများပြည်သူနှင့်သက်ဆိုင်သောဆက်ဆံရေးPRကုမ္ပဏီကို ရေရှည်ခန့်အပ်သည်ဟု  ဝန်ခံခဲ့ကြောင်း၊ အရင်တုန်းက ဆိုက်ယဉ်ဝင်သည် အမေရိကန်ခေါင်းဆောင်တို့နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်နိုင်ရန် အတွက် နောက်ကွယ်ကြိုးဆွဲသူအား အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းကို ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယင်းသည် ထိုင်ဝမ်အာဏာပိုင်မှ အမေရိကန်အား “ရိုသေလေးမြတ်စွာ ပစ္စည်းဆက်သမှု”များ၏ တစ်စွန်းတစ်စမျှပင် ဖြစ်သည်ဟု ၁၇ရက်နေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။