ဗြိတိန်ဝန်ကြီးချုပ်က ယူကရိန်းသို့ ထပ်မံရုတ်တရက်သွားရောက်ခရီးလှည့်လည်

(GMT+08:00)2022-06-18 14:57:49  

ဒေသစံတော်ချိန် ဇွန်လ ၁၇ ရက်နေ့က ဗြိတိန်ဝန်ကြီးချုပ် ဂျွန်စိန်က ဒုတိယအကြိမ် အဖြစ် ယူကရိန်းသို့ ရုတ်တရက် သွားရောက်ခရီးလှည့်လည်ခဲ့ပြီး သမ္မတ ဇီလျန်စကီနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ဂျွန်စိန်က ဗြိတိန်နိုင်ငံ တန်ကာစတယ်မြို့နယ်တွင် လှုပ်ရှားမှုတစ်ခု တွင် ပါဝင်ရန် စီစဉ်ထားသော်လည်း နောက်ဆုံးတွင် အစီအစဉ်ကို ပြောင်းလဲခဲ့ပါသည်။ ယခုနှစ် ဧပြီလတုန်းက ဂျွန်စိန်က ယူကရိန်းသို့ ရုတ်တရက်သွားရောက်ခဲ့ဖူးပြီး ယူကရိန်းအား စစ်ရေး ထောက်ပံ့မှုများကို အကူအညီပေးရန် ကတိပြုလိုက်ပါသည်။