ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်၏ ပထမဆုံးအကြိမ် အလုပ်လက်မဲ့ထောက်ပံ့ကြေး လျှောက်ထားသူမှာ ၂၂၉၀၀၀ ရှိ

(GMT+08:00)2022-06-17 11:54:02  

ဒေသစံတော်ချိန် ဇွန်လ ၁၆ ရက်နေ့က အမေရိကန်လုပ်သားဝန်ကြီးဌာနမှ စာရင်းအရ ဇွန်လ ၁၁ ရက်နေ့အထိ တစ်ပတ်အတွင်း အမေရိကန်တွင် ပထမဆုံးအကြိမ် အလုပ်လက်မဲ့ ထောက်ပံ့ကြေး လျှောက်ထားသူမှာ ၂၂၉၀၀၀ ရှိပြီး ဈေးကွက်မျှော်မှန်းချက်ထက် ၂၁၅၀၀၀ ပိုများကြောင်း သိရသည်။ အမေရိကန်ငွေကြေးဖောင်းပွမှု  မြင့်တက်လာခြင်းကဲ့သို့သော အကြောင်းရင်းများကြောင့် အမေရိကန် စီးပွားရေးသည် အနာဂတ်တွင် ဆုတ်ယုတ်ကျဆင်းလာမည်ကို ဈေးကွက်က စိုးရိမ်နေကြသည်ဟု လေ့လာသူများက ယူဆကြသည်။