ရှီကျင့်ဖိန်သည် BRICS နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ၁၄ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲကို ဦးစီးကျင်းပမည်

(GMT+08:00)2022-06-17 13:29:03  

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယခုလ ၂၃ ရက်နေ့တွင် ပီကင်းမြို့၌ BRICS နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ၁၄ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ဦးစီးကျင်းပမည်              ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲကို ဗီဒီယိုပုံစံဖြင့်ကျင်းပမည်ဖြစ်ပြီး “အရည်အသွေးကောင်းမွန်သော မိတ်ဖက်ဆက်ဆံမှုကို တည်ထောင်ခြင်း၊ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေး ခေတ်သစ်ကို လက်တွဲဖန်တီးခြင်း” ကို ဆောင်ပုဒ်အဖြစ် ထားကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

၂၄ ရက်နေ့တွင် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ပီကင်းမြို့တွင် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီး ခေါင်းဆောင်များ ဆွေးနွေးပွဲကို ဦးစီးကျင်းပမည်ဖြစ်ပြီး BRICS နိုင်ငံများမှ ခေါင်းဆောင်များ၊ ထွန်းသစ်စဈေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ခေါင်းဆောင် များသည် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရပါသည်။