ဟောင်ကောင်အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း ၂၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဟောင်ကောင်ရှိ စာအုပ်ဆိုင်များသည် စာအုပ်ပြပွဲများကို ကျင်းပ

(GMT+08:00)2022-06-17 12:13:28  

ဟောင်ကောင် အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း ၂၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဟောင်ကောင်ရှိ စာအုပ်ဆိုင်များသည် ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ အကြီးစားစာအုပ်ပြပွဲများကို ကျင်းပမည်ဖြစ်ပါသည်။ ပြပွဲကို အွန်လိုင်းနှင့် အော့ဖ်လိုင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ခုခေတ်နိုင်ငံတော်အခြေအနေ၊ တရုတ်ရိုးရာ ယဉ်ကျေးမှု၊ ဟောင်ကောင်သမိုင်းနှင့် ယဉ်ကျေးမှု၊ “တိုင်းပြည်တစ်ပြည်၊စနစ်နှစ်မျိုး”နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ရွေးကောက်ပွဲစနစ်သစ်၊ ဟောင်ကောင် ရိုးရာဓလေ့တို့ကို ရေးသားဖော်ပြသည့် စာအုပ်အမျိုးအစား ၅၀၀ ကို ပြသမည်ဖြစ်ပါသည်။

စာအုပ်ပြပွဲအပြင် စာအုပ်ဆိုင်များက မျှဝေပွဲ၊ ဟောပြောပွဲနှင့် ယဉ်ကျေးမှုပြပွဲများကိုလည်း ကျင်းပမည်ဖြစ်ပြီး နည်းလမ်းအမျိုးမျိုးဖြင့် ပြပွဲပါဝင်သူများက ဟောင်ကောင်အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်ပြီးနောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးကို ပိုမို နားလည်သိရှိစေမည် ဖြစ်ပါသည်။