အာဆီယံ-အိန္ဒိယ အထူးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နယူးဒေလီတွင် ဖွင့်လှစ်၊ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာ စေရန် သဘောတူညီခဲ့

(GMT+08:00)2022-06-17 12:05:11  

ဇွန်လ ၁၆ ရက်နေ့က အာဆီယံ-အိန္ဒိယ အထူးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ အပြန်အလှန်အကျိုးရှိသော အာဆီယံ-အိန္ဒိယ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းလာစေရန်နှင့် လက်ရှိအာဆီယံအဖွဲ့မှ ဦးဆောင်သော စနစ်များဖြင့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှု ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု စသည့် နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် သဘောတူညီမှု ရရှိခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Jaishankar တို့သည် အာဆီယံ-အိန္ဒိယ အထူး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပူးတွဲကြီးမှူး ကျင်းပခဲ့ကြသည်။