ယူကရိန်း၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ရိုမေးနီးယား ၅ နိုင်ငံမှ ခေါင်းဆောင်များသည် ကီဖ်မြို့တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပ

(GMT+08:00)2022-06-17 13:25:00  

ယခုလ ၁၆ ရက်နေ့က ယူကရိန်းသမ္မတဇယ်လန်စကီသည် ကီဖ်မြို့ တွင် လာရောက်ခရီးလှည့်လည်ခဲ့သော ဂျာမဏီ၊ ပြင်သစ်၊ အီတလီနှင့် ရိုမေးနီးယား ၄ နိုင်ငံမှ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံပွဲအပြီး ယူကရိန်း၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ရိုမေးနီးယား ၅ နိုင်ငံတို့မှ ခေါင်းဆောင်များသည် ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ပြင်သစ်၊ ဂျာမဏီ၊ အီတလီနှင့် ရိုမေးနီးယား ၄ နိုင်ငံတို့သည် ယူကရိန်းအား ဥရောပသမဂ္ဂအဖွဲ့ဝင်လောင်းနိုင်ငံ နေရာကို ချက်ချင်းပေးအပ်ရန် သဘော တူညီခဲ့ကြောင်း ပြင်သစ်သမ္မတမာကရိန် ပြောကြားခဲ့သည်။

အထက်ပါ ၄ နိုင်ငံ ခေါင်းဆောင်များသည် ယူကရိန်းမှ စားနပ်ရိက္ခာများကို ပုံမှန်အတိုင်းတင်ပို့ရောင်းချနိုင်ဖို့ ယူကရိန်းဆိပ်ကမ်းများအား ရုရှားမှ ပိတ်ဆို့မှုများကို ရုပ်သိမ်းရန်လည်း ပန်ကြားခဲ့ကြောင်း သိရပါသည်။