ဆီးရီးယားရှိ တရားမဝင်အမေရိကန်တပ်များသည် ဆီးရီးယားရေနံကို ထပ်မံခိုးယူ

(GMT+08:00)2022-06-17 11:53:13  

ဒေသစံတော်ချိန် ၁၆ ရက်နေ့ နံနက်ပိုင်းက ဆီးရီးယားရှိ တရားမဝင်အမေရိကန်တပ်များသည် ဆီးရီးယားရေနံကို ထပ်မံခိုးယူခဲ့ပြီး ၄င်းတို့သည် ရေနံတင်ကား ၁၀ စီးကျော်ကို အသုံးပြုကာ ဆီးရီးယားနိုင်ငံ ဟာဆာကာပြည်နယ်မှ ဆီးရီးယား-အီရတ် တရားမဝင်နယ်စပ်ဖြတ်ကျော်ရေးစခန်းကိုဖြတ်၍ အီရတ်ရှိ အမေရိကန်စစ်ရေး အခြေချစခန်းကို ပို့ဆောင်ခဲ့သည်ဟု ဆီးရီးယားသတင်းဌာနမှ သတင်းအရ သိရသည်။

ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ ရေနံစိမ်းအရင်းအမြစ်များ၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်မှုနှင့် ဆီးရီးယား၏ ရေနံနှင့်စားနပ်ရိက္ခာအရင်းအမြစ်များကို "ပင်လယ်ဓားပြများကဲ့သို့" ခိုးယူမှုကြောင့် ဆီးရီးယား စီးပွားရေးအတွက် ပြင်းထန်သော နစ်နာဆုံးရှုံးမှုကို ဖြစ်စေပြီး ဆီးရီးယား၏ လူသားချင်း စာနာထောက်ထားမှု ကပ်ဆိုးကြီးကို တစ်ဆင့်တိုး ပြင်းထန်စေသည်ဟု အမေရိကန်စစ်တပ်နှင့် ၄င်းထောက်ခံသော လက်နက်ကိုင် တပ်ဖွဲ့များအား ဆီးရီးယားအစိုးရက ယခင်က ကြိမ်ဖန်များစွာ ပြစ်တင်ခဲ့သည်။