ထိုင်းမှ စက်မှု စွန့်ပစ်ပစ္စည်းများ အချောကိုင်စက်ရုံ မီးလောင်မှုဖြစ်ပွား

(GMT+08:00)2022-06-17 11:58:16  

ဒေသစံတော်ချိန် ၁၆ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံအလယ်ပိုင်းဒေသရှိ ရတ်ဘူရီပြည်နယ်မှ စက်မှုစွန့်ပစ်ပစ္စည်းများ အချောကိုင်စက်ရုံတစ်ရုံ၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ သုတ်ဆေး၊ ဆီ စသော စက်မှု စွန့်ပစ်ပစ္စည်းများ စည် ၁၀၀၀(တစ်စည်လျှင် လီတာ ၂၀၀) သိုလှောင်ထားသော အဆောက်အဦးမှ မီးခိုးများထွက်လာပြီး ပေါက်ကွဲသံ လည်း ကြားရကြောင်း၊ ဒေသခံမီးသတ်ဌာနသည် နာရီ ၂၀ ခန့်ကြာ မီးသတ်ခဲ့သော်လည်း မီးလုံးဝ ငြိမ်းသတ်ခြင်း မရှိသေးကြောင်း၊ ယခုအချိန်အထိ စက်ရုံမှ အဆောက်အဦး ၂ ခု မီးလောင်ပျက်စီးသွားပြီး ဒဏ်ရာရသူမရှိကြောင်း၊ ထူထပ်သော မီးခိုးငွေ့များနှင့် ညှော်နံ့များ ပျံ့လွင့်သွားကာ အနီးတစ်ဝိုက်တွင် နေကြသူများသည် အသက်ရှူလမ်းကြောင်း မအီမသာဖြစ်ခြင်းနှင့် ခေါင်းမူးခြင်းစသည့် လက္ခဏာများ တွေ့ရှိနေပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။