ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏ အကြံပေးတို့အပေါ် တရားစွဲထားသည့် နိုင်ငံတော် လျှို့ဝှက်ချက်ဆိုင်ရာ အမှုကို ပြန်လည် ရုံးဖွင့်စစ်ဆေး

(GMT+08:00)2022-06-17 12:01:56  

ဒေသစံတော်ချိန် ဇွန်လ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏ စီးပွားရေးအကြံပေး Sean Turnell အစရှိသော ၄ ဦး တို့အပေါ် တရားစွဲထားသော နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်ခြင်း အမှုကို နေပြည်တော်၌ ပြန်လည်ရုံးဖွင့်စစ်ဆေးခဲ့ရာ ရဲဝန်ထမ်း ၂ ဦးသည် တရားလိုပြ သက်သေ အဖြစ် သက်သေပြုခဲ့ကြောင်း၊ အဆိုပါအမှုကို ဇွန်လ ၂၃ ရက်နေ့တွင် ပြန်လည် ရုံးဖွင့် စစ်ဆေးမည် ဖြစ်ကြောင်း သိရပါသည်။