ကုန်းပြင်နှင့် ပင်လယ်ပြင် လမ်းကြောင်းသစ်၌ ပထမဆုံး တောင်အာရှရောက် ရထားလိုင်း ဖွင့်လှစ်

(GMT+08:00)2022-06-17 14:51:07  

ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ကုန်းပြင်နှင့် ပင်လယ်ပြင် လမ်းကြောင်းသစ်၌ အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့ဆောင်ရေး ရထား (ချုံချင့်-ရှီးဇန့်-တောင်အာရှ)သည် ချုံချင့်မြို့ ထွမ်ကျယ်ရွာ ဗဟိုဘူတာရုံမှ တဖြည်းဖြည်း ထွက်ခွာပြေးဆွဲခဲ့သည်။ ယင်းသည် ကုန်းပြင်နှင့်ပင်လယ်ပြင် လမ်းကြောင်းသစ်၌ ပထမဆုံး တောင်အာရှရောက် အပြည်ပြည်ဆိုင်ရာ ရထားလိုင်း ဖြစ်ပြီး ချုံချင့်နှင့် တောင်အာရှနိုင်ငံများအကြား ကုန်သွယ်ရေးအတွက် ဖွင့်လှစ်သော လမ်းကြောင်းသစ် တစ်ခုဖြစ်သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ယင်းရထားသည် ကုန်သေတ္တာကြီး (၁၀)ခုကို သယ်ယူပို့ဆောင်မည် ဖြစ်သည်။ ချုံချင့်မြို့ ထွမ်ကျယ်ရွာတွင် စုစည်းပြီး ခရီးထွက်ကာ မြောက်ဖက် ရှီးဇန့်ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ Shigatse မြို့သို့ အရင်ရောက်ရှိ၍ ကားလမ်းဖြင့် ကျီးလုံးဂိတ်မှ ပြည်ပသို့ ပြေးဆွဲပြီး နောက်ဆုံးတွင် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်သို့ ရောက်ရှိမည် ဖြစ်သည်။ လမ်းတစ်လျှောက်လုံး ကီလိုမီတာ (၄၂၀၀)ကျော်ရှိပြီး ၁၂ ရက်မှ ၁၄ ရက် အထိ ပြေးဆွဲမည် ဖြစ်သည်။ အရင်တုန်းက ပင်လယ် ပို့ဆောင်ရေး နည်းလမ်းထက် ရက်ပေါင်း (၂၀) တိုလာ ပါသည်။