ကန်အား ကာယကံမြောက်ဆောင်ရွက်မှုဖြင့် အာဖဂန်ပြည်သူများအပေါ် ထိခိုက်မှုကို လျော်ပေးရန် ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် တရုတ်ကိုယ်စားလှယ် တိုက်တွန်း

(GMT+08:00)2022-06-17 12:09:36  

ဇွန်လ ၁၆ ရက်နေ့က ကျင်းပသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အကြိမ် ၅၀ မြောက်အစည်းအဝေးတွင် အာဖဂန်ပြဿနာနှင့်ပတ်သက်၍ တရုတ်ကိုယ်စားလှယ်က အမေရိကန်နိုင်ငံသည် အာဖဂန်ပြဿနာ၏ အစပြုသူဖြစ်သဖြင့် ကာယကံမြောက် ဆောင်ရွက်မှုဖြင့် အာဖဂန်ပြည်သူများအပေါ် ထိခိုက်မှုကို လျော်ပေးရန် တိုက်တွန်း ခဲ့ပါသည်။

တရုတ်ကိုယ်စားလှယ်က အာဖဂန်အခြေအနေ အရင်းခံ ပြောင်းလဲမှုဖြစ်ပွားခဲ့ခြင်း ၁၀ လ ရှိပြီဖြစ်ကြောင်း၊ အာဖဂန်ယာယီအစိုးရသည် နိုင်ငံရေးအာဏာ ထူထောင်ခြင်း၊ စီမံအုပ်ချုပ်ခြင်းဘက်တွင် တိုးတက်မှုများရရှိခဲ့သော်လည်း လူသားချင်း စာနာ ထောက်ထားမှု၊ စီးပွားရေးနှင့် လုံခြုံရေး စသည့် နယ်ပယ်များမှစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသေးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား အာဖဂန်နိုင်ငံအပေါ် တစ်ဖက်သတ် အရေးယူမှုကို ချက်ချင်းဖျက်သိမ်းရန်၊ ခြွင်းချက်မရှိဘဲ အာဖဂန်ပြည်သူများ၏ ဓနဥစ္စာကို ပြန်ပေးရန်၊ ကာယကံမြောက် ဆောင်ရွက်မှုဖြင့် အာဖဂန်ပြည်သူများအပေါ် ထိခိုက်မှုကို လျော်ပေးရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။