ဘိုင်ဒင်သည် Zelensky နှင့် ဖုန်းဆက်ပြီး ယူကရိန်းအား ကန်ဒေါ်လာ ၁ ဘီလီယံရှိ စစ်ရေးကူညီမှုအစီအစဉ်ကို ကြေညာ

(GMT+08:00)2022-06-16 16:59:08  

အမေရိကန်သမ္မတဘိုင်ဒင်သည် ဇွန်လ ၁၅ ရက်နေ့က ယူကရိန်းသမ္မတ Zelensky နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ယူကရိန်းနိုင်ငံအား ထောက်ခံမှုကို ထပ်လောင်း ပြောကြားသည့်အပြင် ယူကရိန်းအား အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိ စစ်ရေး ကူညီမှု အစီအစဉ်ကို ကြေညာခဲ့ကြောင်း ယူကရိန်းနိုင်ငံတော်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ယူကရိန်းအား အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိ စစ်ရေးကူညီမှုအစီအစဉ်အနက် ပင်လယ်ကမ်းရိုးတန်းကာကွယ်ရေးလက်နက်များနှင့် Donbass စစ်ဆင်ရေးတွင် လိုအပ်သော အမြောက်လက်နက်များ ပါဝင်ကြောင်း၊ ထို့အပြင် ယူကရိန်းနိုင်ငံအား အမေရိကန်ဒေါ်လာ ၂၂၅ သန်းရှိသော လူသားချင်းစာနာထောက်ထားရေး ကူညီ ထောက်ပံ့မှုကို ပေးအပ်ပြီး ၄င်းကို ယူကရိန်းနိုင်ငံ၏ သောက်သုံးရေ၊ ဆေးကုပစ္စည်း၊ အစားအစာ၊ အိမ်ရာစသည့်ဘက်တွင် အသုံးချမည်ဖြစ်ကြောင်း ဘိုင်ဒင်က အလေးထား ပြောကြားသည်။