Belt and Road တည်ဆောက်ရေးသည် လူအများ၏ဆန္ဒပင် ဖြစ်သည်

(GMT+08:00)2022-06-16 16:30:44  

၂၀၁၇ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပေဟိုင်မြို့ ထေရှန်ကမ် ဆိပ်ကမ်းသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ရာတွင် ပင်လယ်ပြင် ပိုးလမ်းမကြီး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း၊ ပေပုဝမ်း ဆိပ်ကမ်းကို ကောင်းမွန်စွာ တည်ဆောက်၊ စီမံခန့်ခွဲရမည် ဖြစ်ပြီး ရှေ့ပြေး အဆောက်အအုံများ၊ ရှေ့ပြေး နည်းပညာ၊ ရှေ့ပြေး စီမံအုပ်ချုပ်ရေးနှင့် ရှေ့ပြေး ဝန်ဆောင်မှုများဖြင့် ကွမ်ရှီး ဖွံ့ဖြိုး တိုးတက်ရေး၊ Belt and Road တည်ဆောက်ရေးနှင့် တံခါးဖွင့် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ပိုမိုများပြားစွာ အကျိုးပြုစွမ်းဆောင်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ ပါသည်။

ရှီကျင့်ဖိန်က Belt and Road တည်ဆောက်ရေးသည် လူအများ၏ဆန္ဒပင် ဖြစ်ပြီး မိမိတို့သည် ယင်းမူဘောင်၌ တံခါးဖွင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အင်တိုက်အားတိုက် တွန်းအားပေးရမည် ဖြစ်ကြောင်းလည်း မှာကြားခဲ့ပါသည်။

ကွမ်ရှီးပြည်နယ်သည် ဥက္ကဋ္ဌ ရှီကျင့်ဖိန် မှာကြားထားသည့်အတိုင်း ဖွံ့ဖြိုး တိုးတက်ရေးကို ထိရောက်စွာ တွန်းအားပေးဆောင်ရွက်ပြီး အနောက်ပိုင်းဒေသ ကုန်းတွင်းပိုင်းနှင့် ပင်လယ်ကို ဆက်နွှယ်ထားသော လမ်းကြောင်းသစ်ကို ဆောက်လုပ် ခဲ့ပါသည်။ ယင်းရထားနှင့်သင်္ဘောများ ပူးတွဲ ပို့ဆောင်သော လမ်းကြောင်းသစ် ဖုံးလွှမ်း ထားသော ပြည်နယ်အရေအတွက်သည် ၂၀၁၇ ခုနှစ်က ၄ ခုသာ ရှိရာမှ ယခု ၁၄ ခု အထိ တိုးလာပြီဟု China Media Group မှ သတင်းအရ သိရပါသည်။