သဲကန္တာရမှ စိမ်းလန်းစိုပြေရာအရပ်သို့ ပြောင်းလဲခြင်း

(GMT+08:00)2022-06-16 16:37:21  

နှစ်ပေါင်းများစွာအတွင်းတွင် ခေတ်အဆက်ဆက်မှ တရုတ်သဲကန္တာရ ပြန်လည် ပြုပြင်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် တရုတ်နိုင်ငံ၏ သဲကန္တာရပြန်လည်ပြုပြင်မှု လုပ်ငန်းသည် တိုးတက်မှုသစ် အဆက်မပြတ်ရရှိပြီး အံ့ဖွယ်များစွာကို ဖန်တီးခဲ့ကြပါသည်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ Mu Us သဲကန္တာရသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတည်ထောင်ခါစ စုစုပေါင်းဧရိယာအကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၄၂၂၀၀ ဖြစ်ပြီး ပီကင်းမြို့၏ ၂ဆကျော်ဖြစ်ကာ တရုတ်သဲကန္တာရကြီး ၄ ခုထဲတွင် တစ်ခုအပါအဝင်ဖြစ် ပါသည်။ လွန်ခဲ့သည့် ၂၀ ရာစု ၅၀ခုနှစ်များမှစ၍ တရုတ်သဲကန္တာရ ပြန်လည်                      ပြုပြင်သူများသည် Mu Us သဲကန္တာရတွင် သစ်ပင်စိုက်ပျိုးပြီး သဲကန္တာရပြုပြင် ပြောင်းလဲမှု လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပါသည်။ ယခုရာခိုင်နှုန်း ၈၀ခန့် သဲမြေကို ကောင်းမွန်စွာ ပြုပြင်ပြီး မြေဆီလွှာတိုက်စားခံရခြင်း မရှိတော့ပါ။ ယခုအခါ Mu Us သဲကန္တာရကို လာရောက်လျှင် အရင်တုန်းကလို သဲကိုမတွေ့ဘဲ စိမ်းလန်းစိုပြေမှုကိုသာ တွေ့မြင် နိုင်ပါသည်။

Mu Us သဲကန္တာရအပြင် အတွင်းမွန်ဂိုး Alxa၊ Hobq သဲကန္တာရ၊ ဟိုပေ Saihanba နှင့် ကန်စု Minqin ခရိုင်စသည့်နေရာများတွင် ခေတ်အဆက်ဆက်မှ လုံ့လဝီရိယရှိသော တရုတ်သဲကန္တာရ ပြန်လည်ပြုပြင်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် သဲကန္တာရမှ စိမ်းလန်းစိုပြေရာအရပ်သို့ တဖြည်းဖြည်း တိုးတက်ပြောင်းလဲ လာခဲ့ကြပါသည်။

သဲကန္တာရမှ စိမ်းလန်းစိုပြေရာအရပ်သို့ တရုတ်နိုင်ငံ၏ သဲကန္တာရပြန်လည်ပြုပြင်မှု အံ့ဖွယ်များကို ၁၀ စက္ကန့်လောက်အချိန်ပေးပြီး အတူတကွ ခံစားကြရအောင်။