အမေရိကန်စစ်လေယာဉ် အတင်းအဓမ္မ ပျံတက်ခြင်းကြောင့် လူများစွာ သေကျေဒဏ်ရာရမှုဖြစ်စေခြင်းသည် စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီသည်ဟု အမေရိကန်စစ်ဘက်က ဆုံးဖြတ်ချက် ချမှတ်

(GMT+08:00)2022-06-16 16:52:26  

၂၀၂၁ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် အာဖဂန်တွင် တပ်စွဲထားသော အမေရိကန် တပ်ဖွဲ့ဝင်များသည် ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အလျင်အမြန် ထွက်ခွာလာသောအခါ စစ်လေယာဉ်သည် အတင်းအဓမ္မ ပျံတက်ခဲ့သည့်အတွက် အာဖဂန်နိုင်ငံသားအများအပြားသေဆုံးခဲ့ရသည်။ ထိုအချိန်တွင် အမေရိကန်က အဆိုပါကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်မည်ဟု ကတိပြုခဲ့သည်။ သို့သော်လည်း ၁၀ လနီးပါးကြာ စုံစမ်းစစ်ဆေးပြီးနောက် အဆိုပါ အမှုထမ်းများ၏ လုပ်ဆောင်ခြင်းသည် သက်ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များကိုလိုက်နာပြီး စည်းကမ်းချိုးဖောက်ခြင်း မရှိကြောင်း အမေရိကန်စစ်ဘက်က ဆုံးဖြတ်ခဲ့သည်။ ယင်းစုံစမ်းစစ်ဆေးမှုရလဒ်သည် ကြီးမားသည့် အငြင်းအခုံများကို ဖြစ်စေခဲ့ပါသည်။