ရုရှားသမ္မတပူတင်သည် တောင်အာဖရိကသမ္မတနှင့် ဖုန်းဆက်

(GMT+08:00)2022-06-16 16:43:33  

ဒေသစံတော်ချိန် ယခုလ ၁၅ ရက်နေ့က ရုရှားသမ္မတပူတင်သည် တောင်အာဖရိက သမ္မတရာမာဖိုစာနှင့် ဖုန်းဆက်ခဲ့ပြီး နှစ်ဦးနှစ်ဖက်တို့သည် အာဖရိကတိုက်သို့ ရုရှားမှလယ်ယာထွက်ကုန်များနှင့် ဓာတ်မြေသြဇာ တင်ပို့ရောင်းချရေး အခြေအနေများအပါအဝင် စားနပ်ရိက္ခာဖူလုံရေးကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ ကြကြောင်း ရုရှားမီဒီယာမှ ၁၅ ရက်နေ့မှ ထုတ်ပြန်သောသတင်းကိုကိုးကားပြီး China Media Group မှ သတင်းဖေါ်ပြပါသည်။

ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် ယူကရိန်းအခြေအနေနှင့်ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြောင်း သိရပါသည်။