ကနေဒါတွင် မျောက်ကျောက်ရောဂါ အတည်ပြု လူနာ ၁၅၉ ဦးထိ မြင့်တက်လာ

(GMT+08:00)2022-06-16 16:42:07  

ဒေသစံတော်ချိန် ယခုလ ၁၅ ရက်နေ့က ကနေဒါ အများပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သောစာရင်းအရ ကနေဒါတွင် မျောက်ကျောက်ရောဂါ အတည်ပြု လူနာ ၁၅၉ ဦးထိ မြင့်တက်လာကြောင်း၊ ယင်းအနက်တွင် ခွေဘေခ်ပြည်နယ် တွင် ၁၃၂ ဦး၊ အောက်တာရေအိုပြည်နယ်တွင် ၂၁ ဦး၊ အယ်လ်ဘေလ်ဒါပြည်နယ်တွင် ၄ ဦးနှင့် ဗြိတိန် ကိုလံဘီယာပြည်နယ်တွင် ၂ ဦး ရှိကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာမှ စာရင်းအရ ကနေဒါတွင် မျောက်ကျောက်ရောဂါ အတည်ပြုသူဦးရေသည် အမေရိကတိုက်တစ်ဝန်းလုံးတွင် အများဆုံးဖြစ်ပြီး ယင်းဒေသအတွင်း အခြား နိုင်ငံများ၏ မျောက်ကျောက်ရောဂါအတည်ပြုလူနာဦးရေ စုစုပေါင်းထက် ပိုများကြောင်း သိရပါသည်။