ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဗလစ်ကင်ပါတီ အကြား ဤဇာတ်လမ်းသည် “အမေရိကန် အိပ်မက်ဆိုး” ကို ပိုဆိုးစေမည်သာ ဖြစ်သည်

(GMT+08:00)2022-06-16 17:00:36  

 ဒီလ ၁၄ ရက်နေ့အထိ အမေရိကန် အောက်လွှတ်တော် အထူး စုံစမ်းစစ်ရေး ကော်မတီဟာ လွှတ်တော် ဆူပူမှုဆိုင်ရာ ကြားနာပွဲ နှစ်ကြိမ်ကို ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။ အမေရိကန် ဝါရင့် သတင်းထောက် နိုလန်စစ်ကာတွန်က ဒီမိုကရေစီကို အန္တရာယ် ပေးနေတဲ့ အမေရိကန်ရဲ့ စနစ်ဆိုင်ရာ ပြဿနာကို မဖြေရှင်းပေးရင် ဒီအကြိမ် ကြားနာပွဲ ဟာ အကျိုးသက်ရောက်မှု တစ်စုံတစ်ခု ရှိနိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

   ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း လွှတ်တော်ဆူပူမှုကို စုံစမ်းစစ်ဆေးရေးဖြစ်စဉ်နဲ့ ကြားနာပွဲများ ပြုလုပ်ခဲ့တဲ့ဖြစ်စဉ်မှာ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဗလစ်ကင်ပါတီတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှု လုပ်ရပ်များကို အမြဲ တွေ့ရှိနိုင်ခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီ ထိန်းချုပ်တဲ့ အောက်လွှတ်တော်က စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ဆော်သြပြီး ကြားနာပွဲ သတင်းကို အစွမ်းကုန်ဖြန့်နေခဲ့ပါတယ်။ ရီပတ်ဗလစ်ကင်ပါတီကတော့ ကြားနာပွဲဟာ လူအများရဲ့ အာရုံကို လွှဲပြောင်းစေတဲ့၊ ဖြစ်ရပ်မှန်ကို ဖုံးကွယ်ချင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

ကြားနာပွဲ နှစ်ကြိမ်မှာ ဗီဒီယိုနဲ့ သက်သေခံချက်စကား အမြောက်အမြားကို ထုတ်ပြန်ပြီး အမေရိကန် သမ္မတဟောင်း ထရမ့်နဲ့ လွှတ်တော် ဆူပူမှု ကြားမှာ တိုက်ရိုက် ဆက်စပ်မှု ရှိမရှိ၊ ရွေးကောက်ပွဲမှာ မအောင်မြင်ကြောင်း သိရက်သားနဲ့ ရွေးကောက်ပွဲ လိမ်လည်မှု ရှိတယ်လို့ စွပ်စွဲခဲ့ခြင်း ရှိမရှိ ဆိုတာတွေကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အဲဒီ ဗီဒီယိုနဲ့ သက်သေခံချက်စကားတွေဟာ အမေရိကန်ပုံစံ ဒီမိုကရေစီရဲ့ အမာရွတ်ကို လူအများ ရှေ့မှာ ပြန်လည်ပြသပြီး အမေရိကန်ပုံစံ ဒီမိုကရေစီဟာ နိုင်ငံရေးသမားတို့ရဲ့ အာဏာ လုယူဖို့ ကိရိယာပဲ ဆိုတဲ့ ဖြစ်ရပ်မှန်ကို တစ်ဆင့်တိုး ပေါ်လွင်လာစေပါတယ်။

ဒီနှစ်ဟာ အမေရိကန်ရဲ့ အလယ်အလတ်ကာလ ရွေးကောက်ပွဲနှစ် ဖြစ်ပြီး ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဗလစ်ကင်ပါတီ ဖြစ်တဲ့ ပါတီနှစ်ခုက ရွေးကောက်ပွဲဆိုင်ရာ ကိုယ်ကျိုးစီးပွားအပေါ်မူတည်ပြီး ကြားနာပွဲအပေါ် သဘောထားနေခြင်းဆိုတာ လူတိုင်း သိကြပါတယ်။ အဲဒါကြောင့် ဖြစ်ရပ်မှန်ကို စုံစမ်း ရှာဖွေဖို့အတွက် ဖြစ်တဲ့ ဒီအကြိမ် ကြားနာပွဲဟာ ပါတီနှစ်ခုရဲ့ ယှဉ်ပြိုင်မှုဆိုင်ရာ ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒီ ဇာတ်လမ်းဟာ “အမေရိကန် အိပ်မက်ဆိုး” ကို ပိုဆိုးစေမည်သာ ဖြစ်တယ်လို့ China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။