ယီမင်နိုင်ငံ အေဒင်မြို့တွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၄ ဦး သေဆုံး

(GMT+08:00)2022-06-16 16:38:41  

ဒေသစံတော်ချိန်  ယခုလ ၁၅ ရက်နေ့ညပိုင်းက ယီမင်နိုင်ငံ ယာယီမြို့တော် အေဒင်မြို့တောင်ပိုင်း မန်ဆူလ်ရပ်ကွက်တွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ လူ ၄ ဦး သေကျေဒဏ်ရာရရှိခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

လုံခြုံမှုစစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်သွားစဉ် ပေါက်ကွဲတတ်သော ပစ္စည်းများ တင်ဆောင်ထားသည့် ကားတစ်စီးပေါက်ကွဲခဲ့ကြောင်း မျက်မြင်သက်သေများ၏ ဖော်ပြချက်အရ သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် ကားသည် ဂျပန်မီဒီယာတစ်ခုအတွက် အလုပ်လုပ်နေသည့် ယီမင်သတင်းထောက် Sabir ၏ကား ဖြစ်ပြီး၊ ပေါက်ကွဲမှုတွင် Sabir သေဆုံးကြောင်း အေဒင်လုံခြုံရေးဌာန အရာရှိမှ ပြောကြားချက်အရ သိရသည်။