လက်ရှိ ရုရှား-အမေရိကန် ဆက်ဆံရေးသည် သုညအဆင့်တွင်ရှိသည်ဟု Peskov ဆို

(GMT+08:00)2022-06-16 16:55:26  

ဒေသစံတော်ချိန် ဇွန်လ ၁၅ ရက်နေ့တွင် ရုရှားနိုင်ငံသမ္မတ၏ သတင်းပြန်ကြားရေး အတွင်းဝန် Peskov သည် မီဒီယာများနှင့်တွေ့ဆုံရာတွင် လက်ရှိ ရုရှား-အမေရိကန် ဆက်ဆံရေးသည် သုညအဆင့်တွင်ရှိပြီး နိုင်ငံများကြား ရှိသင့်သည့် ပုံမှန်ဆွေးနွေးမှု မရှိကြောင်း၊ အမေရိကန်နိုင်ငံသည် ပိတ်ဆို့အရေးယူမှုများဖြင့် ရုရှားနိုင်ငံကို တားမြစ်ရန် ကြိုးပမ်းမှု ဆုံးရှုံးသည်ကို အမေရိကန်ကျွမ်းကျင်သူများအပါအဝင် နိုင်ငံတကာမှ ပုဂ္ဂိုလ် အများအပြားက ဝန်ခံထားပြီဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။