ယူကရိန်းသည် နေတိုးအဖွဲ့ဝင်နိုင်ငံလောင်းဖြစ်ရန် အဆင်သင့်ဖြစ်နေပြီလား ဟူသော မေးမြန်းချက်ကို နေတိုး အတွင်းရေးမှူးချုပ် ကွေ့ရှောင်

(GMT+08:00)2022-06-16 16:35:57  

ဒေသစံတော်ချိန် ဇွန်လ ၁၅ ရက်နေ့က နေတိုးအဖွဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမကျင်းပမီ သတင်းစာရှင်းလင်းပွဲတွင် နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ယူကရိန်းသည် နေတိုးအဖွဲ့ဝင်နိုင်ငံလောင်းဖြစ်ရန် အဆင်သင့်ဖြစ်နေပြီလားဟူသော သတင်းထောက်၏ မေးမြန်းချက်ကိုဖြေကြားရာတွင် ယူကရိန်း နိုင်ငံသည် နေတိုး အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် မျှော်လင့်သော်လည်း ယခုတလော အရေးကြီးသည်မှာ ယူကရိန်းနိုင်ငံ အငြင်းပွားမှုနှင့်ရင်ဆိုင်ရမှုအား ကူညီပြီး ယူကရိန်း နိုင်ငံအား လက်တွေ့ကျသော ထောက်ခံမှုပေးခြင်းပင်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ဆိုဗီယက် ပြည်ထောင်စုခေတ်က လက်နက်တပ်ဆင်မှုမှ နေတိုးတပ်ဆင်မှုအထိ ကူးပြောင်းရန် ကူညီခြင်းအပါအဝင် ယူကရိန်းတပ်ဖွဲ့အား ခေတ်မီသောတပ်ဖွဲ့ဖြစ်လာရန် ကူညီခြင်းလည်း ဖြစ်ကြောင်း၊ ၄င်းမှာ မိမိတို့နှင့် ယူကရိန်းနိုင်ငံအကြား နှစ်ဖက်ဆက်ဆံမှုတွင် အရေးတကြီး လိုအပ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။