အမေရိကန်နှင့်နေတိုးတို့၏ လုပ်ဆောင်ချက်များသည် နိုင်ငံတကာဥပဒေ စည်းစနစ်ကို ပြင်းထန်စွာ ထိခိုက်သည်ဟု Zakharova ဆို

(GMT+08:00)2022-06-16 16:41:00  

ဒေသစံတော်ချိန် ယခုလ ၁၅ ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး Zakharova က ရုရှား၏ အထူးစစ်ဆင်ရေးလုပ်ဆောင်ချက်များသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည် ဆိုသည့် ပြောဆိုချက်နှင့်ပတ်သက်ပြီး ယင်းသည် အမေရိကန်နိုင်ငံရေးကို ဝန်ဆောင်ပေးရန် အမေရိကန်မီဒီယာများမှ အသည်းအသန် ပြောဆိုချက် သက်သက်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ Zakharova က ပြီးခဲ့သည့် ၈ နှစ်အတွင်း ရုရှားသည် Minsk သဘော တူညီချက် လက်တွေ့ဖော်ဆောင်ရန် အစဉ်တစ်စိုက် တွန်းအားပေးခဲ့သော်လည်း အနောက်နိုင်ငံများကမူ ဘာမှမလုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။