ဘိုင်ဒန်ကို ထောက်ခံမှုနှုန်း တတိယမြောက်သီတင်းပတ်တွင် ဆက်တိုက်ကျဆင်းပြီး ၎င်း၏ တာဝန်သက်တမ်းတွင် အနိမ့်ဆုံးနေရာနှင့် နီးစပ်

(GMT+08:00)2022-06-15 17:15:44  

ဒေသစံတော်ချိန် ဇွန်လ ၁၄ရက်နေ့က ရိုက်တာသတင်းဌာနနှင့် IPSOS တို့ ပူးတွဲ ထုတ်ပြန်သော ပြည်သူ့ဆန္ဒကောက်ယူချက်တစ်ရပ်အရ အမေရိကန်သမ္မတ ဘိုင်ဒန်ကို ပြည်သူ့ထောက်ခံမှုနှုန်းသည် တတိယမြောက်သီတင်းပတ်တွင် (၃၉) ရာခိုင်နှုန်းအထိ ဆက်တိုက်ကျဆင်းပြီး ၎င်း၏ တာဝန်သက်တမ်းအတွင်း အနိမ့်ဆုံးနေရာ (၃၆) ရာခိုင်နှုန်းနှင့် နီးစပ်ကြောင်း  China Media Group မှ သတင်းအရ သိရပါသည်။

အမေရိကန်နိုင်ငံသား (၅၆)ရာခိုင်နှုန်းသည် ဘိုင်ဒန်၏လုပ်ဆောင်မှုများအပေါ် မကျေနပ်ကြောင်း ဖော်ပြပါသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် သြဂုတ်လမှစ၍ ဘိုင်ဒန်ကို ထောက်ခံမှုနှုန်းသည် ရာခိုင်နှုန်း(၅၀)ထက် အမြဲနိမ့်နေကြောင်း၊ ဘိုင်ဒန်သည် ယခုနှစ်တွင် ငွေကြေးဖေါင်းပွမှု တစ်ရှိန်ထိုးမြင့်တက်လာခြင်းကို  အမြဲခံနေရပြီး ရုရှား-ယူကရိန်း အချင်းပွားမှုကြောင့် စွမ်းအင်ဈေးနှုန်းမြင့်တက်လာကာ ကိုဗစ်-၁၉ရောဂါ အခြေအနေကြောင့် တစ်ကမ္ဘာလုံး ကုန်စည်ဖြန့်ဖြူးရေးကွင်းဆက်သည် ထိခိုက်မှုခံနေရကြောင်း ယင်းကောက်ယူချက်အရ သိရပါသည်။