တရုတ်-သြစတြေးလျ ဆက်ဆံမှုတွင် အခက်အခဲများကြုံတွေ့ရခြင်း၏ အမှားအမှန်များ အလွန် ရှင်းလင်းသည်ဟု တရုတ်ဆို

(GMT+08:00)2022-06-15 17:05:41  

 

တရုတ်-သြစတြေးလျ ဆက်ဆံမှု ကောင်းမွန်လာစေရန်အတွက် တရုတ်ပြည်က သြစတြေးလျ အပေါ် အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းသင့်ကြောင်း၊ သြစတြေးလျက တရုတ်ပြည်နှင့် ဆွေးနွေးပွဲ ပြုလုပ်ရန် ကြိုဆိုကြောင်း သြစတြေးလျဝန်ကြီးချုပ်က ၁၄ ရက်နေ့က ဖော်ပြခဲ့ပါသည်။ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က လွန်ခဲ့သည့် နှစ်များ အတွင်း တရုတ်-သြစတြေးလျ ဆက်ဆံမှုတွင် အခက်အခဲများကြုံတွေ့ရခြင်း၏ အမှားအမှန်များသည် အလွန်ရှင်းလင်းကြောင်း၊ နှစ်နိုင်ငံဆက်ဆံမှု တိုးတက်ရေးအပေါ် တရုတ်ပြည်၏ သဘောထား ရပ်တည်ချက် သည် အမြဲတမ်းပြတ်သားရှင်းလင်းကြောင်း၊ သြစတြေးလျအနေနှင့် အပြန်အလှန် လေးစားပြီး အပြန်အလှန် အကျိုးရှိစေသော မူကို အခြေခံ၍ တရုတ်-သြစတြေးလျ နှစ်ဖက်အကြား ဘက်စုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် တရုတ်ပြည်နှင့်အတူ တွန်းအားပေးသင့်ကြောင်း ယမန်နေ့ ၁၄ ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။