ကျူးဘားသည် နိုင်ငံ ၇၀ နီးပါးကို ကိုယ်စားပြုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၌ မိန့်ခွန်း ပြောကြား၊ လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကို ကန့်ကွက်

(GMT+08:00)2022-06-15 17:24:45  

  

ယခုလ ၁၄ ရက်နေ့က ဂျီနီဗာ၌ ကျင်းပခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြိမ် ၅၀ မြောက် အစည်းအဝေးတွင် ကျူးဘားနိုင်ငံသည် နိုင်ငံ ၇၀ နီးပါးကို ကိုယ်စားပြုပြီး ပူးတွဲ မိန့်ခွန်းပြောကြားခဲ့ရာ၊ နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားခြင်းနှင့် အချုပ်အခြာအာဏာ နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ခြင်းသည် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူ ဖြစ်ကြောင်း၊ ရှင်းကျန်း၊ ဟောင်ကောင်၊ ရှီးဇန့် ရေးရာသည် တရုတ် ပြည်တွင်းရေး ဖြစ်ကြောင်း၊ လူ့အခွင့်အရေးကိစ္စကို နိုင်ငံရေးကိစ္စဖြစ်အောင် လုပ်ခြင်း၊ စံနှစ်မျိုး ထားခြင်းနှင့် လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် တရုတ်ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းကို ကန့်ကွက်ကြောင်း ဖေါ်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

  ထို့ပြင် နိုင်ငံ ၂၀ ကျော်တို့ကလည်း သီးသန့် မိန့်ခွန်းပြောကြားခြင်း အပါအဝင် အသွင်ပုံစံ မျိုးစုံဖြင့် တရုတ်ပြည်အား ထောက်ခံပါသည်။ နိုင်ငံ စုစုပေါင်း ၁၀၀ နီးပါးတို့သည် မတူသော အသွင်ပုံစံဖြင့် တရုတ်ပြည်၏ တရားမျှတသောရပ်တည်ချက်အား နားလည် ထောက်ခံ ကြောင်း ဖေါ်ပြခဲ့ကြပါသည်။