ရာနှင့်ချီသော ဒုက္ခသည်များအား ရဝမ်ဒါသို့ ပို့ရန် ဗြိတိန် စီစဉ်

(GMT+08:00)2022-06-15 17:17:39  

ဗြိတိန်နိုင်ငံမှ ရာနှင့်ချီသော ဒုက္ခသည်များအား ရဝမ်ဒါနိုင်ငံသို့ ပို့ရန် စီစဉ်မှုနှင့် ပတ်သက်၍ ဇွန်လ ၁၄ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ဗြိတိန်နိုင်ငံအနေဖြင့် လူ့အခွင့်အရေးပြဿနာတွင် မာနတကြီး ဟန်ဆောင်ထားမှုကို သိမ်းဆည်းပြီး လက်တွေ့ဆောင်ရွက်မှုဖြင့် ပြည်တွင်းပြည်ပမှ ပြစ်တင်ဝေဖန်မှုများကို သေချာစွာ တုံ့ပြန်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက ဗြိတိန်နိုင်ငံသည် ပြည်ဝင်ခွင့်မရသော နိုင်ငံခြားဒုက္ခသည်များအား ရဝမ်ဒါနိုင်ငံသို့ ပို့ရန် စီစဉ်နေကြောင်း မကြာမီက ကြေညာခဲ့ပါသည်။ ၄င်းပြောင်းရွှေ့နေထိုင်သူများအား ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ သဘောတူစာချုပ်ကို ဗြိတိန် ပြည်တွင်းပြည်ပမှ ပြစ်တင်ဝေဖန်မှုများ ခံခဲ့ရပါသည်။