ကျန်းရှီးပြည်နယ် ရှီဘီကိန်းရေလှောင်ကန် ရေတံခါးများအပြည့်ဖွင့်

(GMT+08:00)2022-06-15 16:56:45  

ဇွန်လ ၁၄ ရက်နေ့က ကျန်းရှီးပြည်နယ် ကန့်ကျူးမြို့ ဟွေ့ချန်းခရိုင်ရှိ ရှီဘီကိန်း ရေလှောင်ကန်သည် ရေကြီးမှုကို ထိန်းချုပ်ရန် ရေတံခါးအပြည့်ဖွင့်ခဲ့သည်။

ယခုနှစ် ရေကြီးရာသီမှစပြီး ရေလှောင်ကန်အသီးသီးတို့၏ စီမံခန့်ခွဲရေးဌာနများသည် ၂၄ နာရီ ရေကြီးရေလျှံမှု ထိန်းချုပ်ရေးစနစ်ကို တိတိကျကျ အကောင်အထည် ဖော်ဆောင်ပြီး ရေကြီးခြင်းနှင့် မိုးရွာသွန်းမှုအခြေအနေ ကြိုတင်သတိပေးချက်များကို အချိန်မီထုတ်ပြန်သည့်အပြင် ရေစီးဆင်းမှုနှင့် ရေပမာဏပြောင်းလဲမှုကို အခြေခံပြီး သိပ္ပံနည်းကျစွာ စီမံခန့်ခွဲပြီး ရေးကြီးမှုကိုထိန်းချုပ်ရန် အရေးပေါ်ပြင်ဆင်မှု ကြိုတင် ပြုလုပ်ကာ ပြည်သူများ၏ အသက်နှင့် အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သတင်းအရ သိရပါသည်။