ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် အဂတိလိုက်စားမှုကို ထပ်မံစစ်ဆေး၊ တရားလိုပြ သက်သေ နှစ်ဦးကို အပြန်အလှန် စစ်ဆေးမှု လက်ခံ

(GMT+08:00)2022-06-15 17:11:58  

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် အဂတိလိုက်စားမှုကို ဇွန်လ ၁၄ ရက်က နေပြည်တော် အထူးတရားရုံး၌ ထပ်မံစစ်ဆေးခဲ့ပြီး တရားလိုပြသက်သေနှစ်ဦးကို အပြန်အလှန် စစ်ဆေးခဲ့သည်။ ယင်းအမှုတွင် အရေးကြီးသော သက်သေတစ်ဦးဖြစ်သည့် ဦးမောင်ဝိတ်ကို ယခင်က အပြန်အလှန် စစ်ဆေး ခဲ့ပြီးပြီ ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်သည် ဒေါ်အောင်ဆန်းစုကြည်အား လာဘ်ပေးမှုဖြင့် စွပ်စွဲခံခဲ့ရသော်လည်း မေလ ၃၁ ရက် ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်ထံပေးပို့သည့်ငွေမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် တရားခံရှေ့နေများသည် အမှု၏အရေးကြီး အသေးစိတ်အချက်အလက်များကို အတည်ပြုရန် အခြားတရားလိုပြသက်သေများကို အပြန်အလှန်စစ်ဆေးနေဆဲဖြစ်သည်။ ယင်းအမှုကို ဇွန်လ ၂၁ ရက်နေ့တွင် ပြန်လည် စတင်မည်ဖြစ်သည်။