ယူကရိန်းစစ်တပ်သည် ကြီးမားသော ဆုံးရှုံးမှုခံခဲ့ရပြီး မိတ်ဖက်နိုင်ငံများမှ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးလက်နက်များကို ထောက်ပံ့ရန် ဇယ်လန်စကီ ပန်ကြား

(GMT+08:00)2022-06-15 17:09:08  

လွန်ခဲ့သော ၂၄ နာရီအတွင်း ယူကရိန်းစစ်တပ်သည် ဒိုဘ်ာစ်ဒေသနှင့် ကဟာကီဖ် ဒေသတွင် ဆုံးရှုံးမှုများ ပြင်းပြင်းထန်ထန် ခံခဲ့ရသည်ဟု ယခုလ ၁၄ ရက်နေ့က ယူကရိန်းသမ္မတ ဇယ်လန်စကီသည် ဗီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ဇယ်လန်စကီက လက်ရှိအချိန်တွင် ယူကရိန်းဘက်တွင် ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးလက်နက်များ ရှားပါးသဖြင့် မိတ်ဖက်နိုင်ငံများမှ ၄င်းတို့ကို အချိန်မီ ထောက်ပံ့ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။