တရုတ်ပြည်တွင်း ပထမဆုံး ကမ်းလွန် ကာဗွန်ဒိုင်အောက်ဆိုဒ် သိုလှောင်မှု စံပြပရောဂျက် စက်ကိရိယာများ တည်ဆောက်မှု ပြီးစီးပြီ

(GMT+08:00)2022-06-15 17:11:06  

ဇွန်လ ၁၅ ရက်နေ့သည် ၂၀၂၂ ခုနှစ် တရုတ်ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချရေးနေ့ ဖြစ်သည်။ တရုတ်ကမ်းလွန်ရေနံကော်ပိုရေးရှင်း(CNOOC)စတင်သော တရုတ်ပြည်တွင်း ပထမဆုံး ကမ်းလွန်ကာဗွန်ဒိုင် အောက်ဆိုဒ် သိုလှောင်မှု စံပြပရောဂျက်သည် ၁၀ လနီးပါးကြာသော သုတေသနနှင့် တည်ဆောက်မှုဖြင့် ပရောဂျက်၏ စက်ကိရိယာအားလုံး တည်ဆောက်မှုကို စန်းတုန်းပြည်နယ် ချင်းတောင်မြို့၌ တရားဝင် ပြီးစီးခဲ့သည်။ ကမ်းလွန် ကာဗွန်ဒိုင်အောက်ဆိုဒ် သိုလှောင်မှု ပရောဂျက်သည် Enping 15-1 ရေနံမြေ အုပ်စုအတွက် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးပရောဂျက်တစ်ခု ဖြစ်သည်။ လုပ်ငန်းပြီးစီးပါက ပင်လယ် အောက်တွင်  ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တန်ချိန် ၁.၄၆ သန်းကျော်ကို သိုလှောင်နိုင်ပြီး သစ်ပင် ၁၄ သန်းစိုက်ပျိုးခြင်း သို့မဟုတ် ကားအစီးရေ ၁သန်းနီးပါးကို ရပ်တန့်စေခြင်းနှင့်ညီမျှကာ တရုတ်နိုင်ငံ၏ ကာဗွန်အထွတ်အထိပ်ရောက်ရှိခြင်း၊ ကာဗွန်ကြားနေ ပန်းတိုင်ကို အောင်မြင်စေရန်နှင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့နယ်ပယ် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် နည်းလမ်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။