အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် မြေပြိုကျမှုကြောင့် လူ ၄ ဦးသေဆုံး

(GMT+08:00)2022-06-15 17:14:48  

အိန္ဒိယနိုင်ငံ အာသံပြည်နယ် မြို့တော် ဂူဝါဟာတီ အနီးတစ်ဝိုက်ရှိ နိဇာပူတွင် ဇွန်လ ၁၄ ရက်နေ့က မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၄ ဦး သေဆုံးခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

အဆိုပါသေဆုံးသူ ၄ ဦးသည် ဆောက်လုပ်ရေးအလုပ်သမားများဖြစ်၍ ပြိုကျသော အိမ်အပျက်အောက်တွင် မြုပ်နေခဲ့ကြောင်း ရဲဘက်က ထုတ်ဖော်ပြောကြားပါသည်။

    ဇွန်လ ၁၃ ရက်နေ့ကတည်းက အာသံပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဂူဝါဟာတီမှဒေသအချို့တွင် ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့ခဲ့ရကြောင်း သတင်းရရှိပါသည်။