ကန်နိုင်ငံရေးသမားများက တရုတ်-ကန် စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ကန့်သတ်ချက်များ အကြောင်းမဲ့ သတ်မှတ်ထားခြင်းအပေါ် တရုတ် တုံ့ပြန်ပြောဆို

(GMT+08:00)2022-06-15 17:06:49  

မကြာခင်က အမေရိကန် ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဗလစ်ကင်ပါတီ လွှတ်တော်အမတ်များသည် တရုတ်ပြည်သို့ ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာ ကန့်သတ်ချက်များ သတ်မှတ်ထားခြင်းနှင့်ပတ်သက်၍ သဘောတူညီမှုရရှိခဲ့ပါသည်။ ယင်း အဆိုပြုချက်သည် တရုတ်ပြည်တွင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာရှိသော ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ကန့်သတ်ထားရန် အမေရိကန်အစိုးရအား အာဏာသစ် ပေးအပ်မည်ဖြစ်ပါသည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အမေရိကန်၏ လုပ်ရပ်သည် နိုင်ငံတကာ စီးပွားကုန်သွယ်ရေးစည်းစနစ်နှင့် ကုန်သွယ်ရေးစည်းမျဉ်းများကို ပြင်းထန်ဆိုးရွားစွာ ဖျက်ဆီးပြီး နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် ဖြန့်ဖြူးရေးကွင်းဆက် တည်ငြိမ်မှုကို ပြင်းထန်ဆိုးရွားစွာ ထိခိုက်ကြောင်း ယမန်နေ့ ၁၄ ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။